NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို လက်တွေ့ကျကျအဓိပ္ပာယ်ရှိရှိအလေးအနက်ထား စီစဉ်ကျင်းပသွားမည်

0
198

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA) (၈)နှစ်မြောက်နှစ်ပတ် လည်နေ့ အခမ်းအနားကို လက်တွေ့ကျကျအဓိ ပ္ပာယ်ရှိရှိအလေးအနက်ထား စီစဉ်ကျင်းပသွားမည်ဟု NCA နှစ်ပတ်လည်အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ကပြောသည်။

စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းကကျင်းပသည့် NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားအား မူဝါဒဆိုင်ရာများနှင့်အခမ်းအနားကို လက် တွေ့ကျကျအဓိပ္ပာယ်ရှိရှိအလေးအနက်ထား စီစဉ်ကျင်းပသွားမည်ဟု ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် NCA နှစ်ပတ်လည်နေ့အခမ်းအနား ကျင်း ပပြုလုပ်ရေးဦးစီးကော်မတီ အတွင်းရေးမှူး ဒု- ဗိုလ်ချုပ်ကြီးမင်းနိုင်က အခမ်းအနားကျင်းပမည့် လုပ်ငန်းစဉ်များ၊ ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး‌အေးဝင်းက အ ခမ်းအနားတက်ရောက်သူများ ဖိတ်ကြားရေး၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့်အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က အခမ်းအနားကျင်းပရာတွင် အစီအစဉ်တကျဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသီး သီးရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒု-ဝန် ကြီးများက လုပ်ငန်းကော်မတီအလိုက် ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။

NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအ နားကို ၂၀၂၃ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် အဓိပ္ပာယ်ရှိရှိ အနှစ်သာရပြည့်ဝစွာဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here