တရုတ်အနောက်တောင်ပိုင်း၌ ကျောက်မီးသွေးမိုင်းတွင်းမီး‌လောင်မှုကြောင့် ၁၆ ဦးသေဆုံး

0
320

ပေကျင်း၊စက်တင်ဘာ ၂၅

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် စက်တင်ဘာ ၂၄ ရက်က ကျောက်မီးသွေးတွင်းမီးလောင်မှုကြောင့် လူ ၁၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများကပြောကြားခဲ့သည်။

အရေးပေါ် ဝန်ထမ်းများက မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်ရာနေရာရှိအပူချိန်သည် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားခဲ့သော်လည်း ပဏာမစစ်ဆေးမှုများအရ လူ ၁၆ ဦးသည် အသက်ရှင်နိုင်သည့်လက္ခဏာမရှိကြောင်းသတိပေးချက်တွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံ၌ မိုင်းလုပ်ငန်းကဏ္ဍ၏လုံခြုံရေးအခြေအနေများသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အဆင့်မြင့်လာခဲ့သော်လည်း လိုက်နာမှုအားနည်းခြင်းကြောင့် မိုင်းလုပ်ကွက်မတော်တဆမှုများသည်အဖြစ်များနေဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ်က မိုင်းတွင်းမတော်တဆမှုပေါင်း ၁၆၈ ခုဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၄၅ ဦးသေဆုံးခဲ့သည်ဟုလည်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here