ကြို့ကုန်း၊ BOC မှတ်တိုင်အနီးတွင် YBS ခရီးသည်တင် ယာဉ်နှင့် အိမ်စီးကားတို့ တိုက်မိမှု ဖြစ်ပွား အမျိုးသား (၁)ဦး စိုးရိမ်ရ

0
227

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ကြို့ကုန်းအရှေ့၊ BOC မှတ်တိုင်အနီးတွင် YBS ခရီးသည်တင် ယာဉ်နှင့် အိမ်စီးကားတို့ တိုက်မိမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ်မီးသတ်စခန်းမှ သိရသည်။

အင်းစိန်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ကြို့ကုန်းအရှေ့၊ BOC မှတ်တိုင်အနီးတွင် စက်တင်ဘာ (၂၆)ရက် (၈)နာရီ (၃၂) အချိန်ခန့်က ယာဉ်တိုက်မှုကြောင့် လူညပ်နေကြောင်း သတင်းအရ သွားရောက် ကူညီခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နေရာသို့ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ YBS ခရီးသည်တင် ယာဉ်နှင့် အိမ်စီးကားတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားခေါင်းခန်းထဲညပ်နေတဲ့လူကို မိနစ် ၂၀ လောက်အကြာမှာ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပါတယ် ထိခိုက်ဒဏ်ရာတွေတော့ရထားတာပေါ့ “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အိမ်စီးကားမှ လူတစ်ဦး ညပ်နေရာ (၈)နာရီ (၄၈) မိနစ်အချိန်တွင် လူနာထုတ်ပြီး ထိခိုက်ဒဏ်ရာရ အမျိုးသား(၁)ဦး အနီရောင်အဆင့်အား အရိယမဂ္ဂင်ပရဟိတ Ambulance ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here