လင်မယားရန်ဖြစ်စဥ် အမျိုးသမီးဖြစ်သူ လည်ပင်း-ည-စ်ခံရပြီး သေ-ဆုံးသွားခဲ့မှု မကွေးမြို့တွင်ဖြစ်ပွား

0
272

မကွေးတိုင်း၊ မကွေးမြို့တွင် စက်တင်ဘာ (၂၅) ရက် မွန်းလွဲ (၃) နာရီခွဲခန့်က လင်မယားနှစ်ဦးရန်ဖြစ်စဥ် အမျိုးသားဖြစ်သူမှ အမျိုးသမီးဖြစ်သူအား လည်ပင်း-ည-စ်ခဲ့မှုကြောင့် သေ-ဆုံးသွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။

“လင်မယားရန်ဖြစ်တာမှာ အမျိုးသားက လည်ပင်းကို ညစ်လိုက်တဲ့အတွက် အမျိုးသမီးသေ-ဆုံးသွားတာပါ။ သေ-ဆုံးသွားတဲ့ အမျိုးသမီးက အသက်(၂၁)နှစ်ပဲရှိသေးတယ်။ သူ့အမျိုးသားကို ဖမ်းဆီးထားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူရုပ်အလောင်းအား ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက စစ်ဆေးမှုပြီးသည့်အချိန်တွင် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here