နေပြည်တော်တွင် စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းထား

0
218

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပြည်သူများ စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး နေပြည်တော် စားသုံးဆီ ဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီ၊ ခရိုင်/ မြို့နယ်စားသုံးဆီ ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောဆိုလိုက်သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသော ဈေးနှုန်းများ၊ သတ်မှတ် ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများ ရောင်းချနိုင်ရေးအတွက် ဆန်လုပ်ငန်းရှင်များ၊ စားသုံးဆီ လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပြည်သူများ၏ စားဝတ်နေရေးပြေလည်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်ရှေ့ရှုလျက် ပြည်သူများအား စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် နေပြည်တော်စားသုံးဆီ ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီ၊ ခရိုင်/ မြို့နယ်စားသုံးဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှု ကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောသည်။

ပြည်ထောင်စုနယ်မြေ၊ မြို့နယ်(၈)မြို့နယ်အတွက် နေပြည် တော်စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းသား (၂၄) ဦး က ရက်သတ္တပတ်လျှင် (၅-ရက်သာ)၊ (၂၀၀)ပေပါအား ခွဲတမ်းချ၍ ပြန်လည် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းချခြင်းရှိ/မရှိ၊ ရောင်းချရန် အစီအစဉ်အတိုင်း ရောင်းချမှုများအား စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်အတွင်း မြို့နယ် (၈)မြို့နယ်ရှိ ဆန်လုပ်ငန်းရှင်ကြီးများအနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် သက်သာသော နှုန်းထားဖြင့် ပြည်သူလူထုအား ဆန်များ ဆက်လက်ရောင်းချပေးစေလိုကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆက်လက် ပြောဆိုသည်။

အဆိုပါ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာန ဆိုင်ရာများ၊ နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်း MSME အသင်းဥက္ကဋ္ဌ၊ နေပြည်တော် ဆန်ဒေသကော်မတီ၊ ဆန်လုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြေင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here