၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum အား နိုဝင်ဘာ တတိယပတ်တွင် မန္တလေးမြို့၌ ကျင်းပမည်

0
279

၂၀၂၃ ခုနှစ် တရုတ် – မြန်မာ Twin City Media Forum ကျင်းပရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ တောင်အာရှနှင့် အရှေ့တောင်အာရှ(နိုင်ငံတကာဒေသတွင်း) ပြန်ကြားရေးစင်တာ အမှုဆောင်အယ်ဒီတာချုပ် မစ္စတာကျန့်ရော့ကူတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းမှ အမှုဆောင်အယ်ဒီတာချုပ် မစ္စတာကျန့်ရော့ကူအား စက်တင်ဘာ (၂၅) ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ် မြင်သံကြား၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးမှ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအား မြှင့်တင်ဆောင်ရွက်နိုင်ခဲ့၍ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မြဲအောင် တည်ဆောက်နိုင်ခဲ့ကာ ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပနိုင်ရန်စီစဉ်ဆောင်ရွက်မှုသည် အထူးသင့်လျော်ကောင်းမွန်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်-မြန်မာ Twin City Media Forum အား မန္တလေးမြို့၌ နိုဝင်ဘာ တတိယပတ်တွင် ခမ်းနားထည်ဝါစွာကျင်းပသွားမည်ဖြစ်ကာ တရုတ်နိုင်ငံမှ အင်အား (၃၀) ခန့်နှင့်မြ န်မာဘက်မှ အင်အား (၇၀) ခန့်ဖိတ်ကြားသွားမည်ဖြစ်ကာ ဖိုရမ်ပြီးပါက တရုတ်ဧည့်သည်များ နေပြည်တော်သို့ လာရောက်လေ့လာလည်ပတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်စေလိုသည်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့နောက် အမှုဆောင်အယ်ဒီတာချုပ် မစ္စတာကျန့်ရော့ကူမှ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် ဆွေမျိုးပေါက်ဖော်နှစ်နိုင်ငံအတွက် အကျိုးရှိကာ ယဉ်ကျေးမှုကြွယ်ဝသည့် မန္တလေးမြို့တွင် ဖိုရမ်ကျင်းပရန် ရွေးချယ်နိုင်ခြင်းအပေါ် နှစ်ခြိုက်သဘောတူပြီး ဖိုရမ်တွင် နှစ်နိုင်ငံယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့ပြီးနောက် ဖိုရမ်ကျင်းပရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံပြန် ကြားရေးဝန်ကြီးများအစည်းအဝေးတွင်လည်း တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီး H.E. Mr. SUN YELI နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံမီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊မီဒီယာကဏ္ဍ တိုးမြှင့်ဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်အောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here