အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်းနည်းပြ ပြော

0
231

အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်းနည်းပြ Uki Tetsuro က ပြောသည်။

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် (၁၉) ကြိမ်မြောက်အာရှ အားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် ဟောင်ကောင်အမျိုးသမီးအ သင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဟောင်ကောင်အသင်းအနေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာကို သေချာလေ့ကျင့်ပြင်ဆင်လာခဲ့ပြီး အကောင်းဆုံးကြိုးစားကစားခဲ့လို့ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲအတွက် ကစားသမားတွေ၊ နည်းပြတွေအကုန်လုံး ကြိုးစားပြင်ဆင်ခဲ့ပြီး ကျွန်တော့်အနေနဲ့ အနိုင်ရရှိတဲ့အပေါ်မှာ ကျေနပ်အားရမှုရှိပါတယ်” ဟု မြန်မာအမျိုးသမီးအသင်းနည်းပြ Uki Tetsuro က ပြောသည်။

နောက်လာမည့် ပြိုင်ဘက်မှာ ကမ္ဘာ့ဖလားဝင်ပြိုင်ထားသည့် ဖိလစ်ပိုင်အသင်းဖြစ်ပြီိး တောင့်တင်းသည့် အသင်းတစ်သင်းဖြစ်ကြောင်း၊ သို့သော် မြန်မာအသင်း အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ဖို့အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယင်းကပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ (၂၈) ရက်တွင် ဖီလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here