မကွေးမြို့နယ်၌ ကား-ကြိတ်ခံထားရသည့် အနေအထားဖြင့်သေ-ဆုံးနေသော အမျိုးသား ရုပ်အလောင်းတွေ့ရှိ

0
206

မကွေးတိုင်း၊ မကွေးမြို့နယ်ရှိ နတ်မောက်လမ်းပေါ်၌ ကား-ကြိတ်ခံထားရသည့် အနေအထားဖြင့် သေ-ဆုံးနေသောအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို စက်တင်ဘာ (၂၅) ရက်ည (၁၁) နာရီ (၄၅) မိနစ်ခန့်က တွေ့ရှိခဲ့ရကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

“နတ်မောက်လမ်းပေါ် ညောင်ကန်ကျေးရွာနဲ့ တည်ပင်ကန်ပေါက်ကျေးရွာကြားက လမ်းပေါ်မှာတွေ့တာ။ ကားနဲ့ကြိတ်ခံထားရတယ်လို့ ယူဆရတယ်။ ခေါင်းပွင့်ထွက်၊ ဘယ်ခြေ ထောက်ကျိုး၊ ခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်းလုံးပွင့်ထွက်၊ ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းအား ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here