မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် သေဆုံး

0
283

မြန်မာနိုင်ငံသား ကိုထူးအောင်(၃၀)နှစ်သည် စက်တင်ဘာ (၂၄) ရက်က မလေးရှားနိုင်ငံ၊ နဂရီဆင်ပီလန်းခရိုင်၊ ဆရင်ဗန်းမြို့ရှိ လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့်သေဆုံးသွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) ထံ မှ သိရသည်။

ကိုထူးအောင်သည် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဥ် မတော်တဆမှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆရင်ဗန်းမြို့ ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဥ် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကိုထူးအောင်၏ ရုပ်အလောင်းအား မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ဦးဆောင်၍ စက်တင်ဘာ (၂၈) ရက် နံနက် (၁၀) နာရီ၌ မလေးရှားနိုင်ငံ၊ ဆရင်ဗန်းမြို့ရှိ ဟိန္ဒြူသုဿန်တွင် မီးသဂြိုလ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုထူးအောင်သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ လင်းဝန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here