နိုင်ငံရေးပါတီ တည်ထောင်လိုသူများအနေဖြင့် ပါတီအမည်ကို ဖော်ပြ၍ UEC သို့ လာရောက်လျှောက်ထားလျက်ရှိရာ စက်တင်ဘာ (၂၅)ရက်အထိ အဖွဲ့ (၁၄) ဖွဲ့ ရှိ

0
188

နိုင်ငံရေးပါတီ တည်ထောင်လိုသူများအနေဖြင့် ၎င်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ လျှောက်ထားလျက်ရှိရာ စက်တင်ဘာ (၂၅)ရက်အထိ အဖွဲ့ (၁၄) ဖွဲ့ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ လာရောက်လျှောက်ထားသည့် အဖွဲ့များအနက်မှ နိုင်ငံရေးပါတီ (၁၀)ခုကို ပါတီတည်ထောင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း UEC မှ သိရသည်။

အဆိုပါ ပါတီတည်ထောင်ခွင့်ပြုခဲ့ပြီးဖြစ်သည့် နိုင်ငံရေးပါတီ (၁၀) ပါတီအနက် ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး ပါတီက ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပ‌ဒေ (၇) နှင့်အညီ ကော်မရှင်သို့ စက်တင်ဘာ (၂၅) ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာကြောင်းလည်း သိရသည်။

တည်ထောင်ခွင့်ရရှိပြီး နိုင်ငံရေးပါတီ (၁၀) ပါတီသည် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် အဆိုပါ (၁၀) ပါတီအနက်မှ ပါတီ (၇)ခုကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here