ကျောက်အမှုန့်အိတ်များအား စင်ပေါ်တင်စဥ် ပြိုကျ၍ အမျိုးသား (၂) ဦးပေါ်ပိမိပြီး (၁) ဦးသေဆုံးခဲ့မှု ချမ်းမြသာစည်မြို့နယ်တွင်ဖြစ်ပွား

0
169

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယနေ့ စက်တင်ဘာ (၂၆) ရက် မွန်းတည့်ပိုင်းက ကျောက်အမှုန့်အိတ်များအား စင်ပေါ်တင်စဥ် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မဏိစလလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့မွန်းတည့် (၁၂) နာရီကျော်ခန့်က ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း – မန္တလေးသွား ကားလမ်းဘေးရှိ ဂိုထောင်တစ်လုံးအတွင်း၌ အလုပ်သမားအမျိုးသား (၂) ဦးမှ ကျောက်အမှုန်အိတ်များအား စင်ပေါ်သို့ ထပ်တင်စဥ် စင်ပြိုကျကာ အဆိုပါ အမျိုးသား (၂) ဦးပေါ်သို့ ပိမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဂိုထောင်နံရံမှာ ကပ်ပြီး ထောင်ထားတဲ့ (၅) ထပ်အမြင့်ရှိတဲ့စင်ပေါ်ကို ကျောက်အမှုန့်အိတ်တွေ တင်ပြီးထပ်နေတုန်းမှာ စင်ကပြိုကျသွားတာ။ အလေးချိန်များတဲ့ အိတ်တွေနဲ့ အမျိုးသား (၂) ယောက် ပိမိသွားတယ်။ တစ်ယောက်က ကယ်ထုတ်နိုင်ချိန်မှာ သေဆုံးနေပါပြီ။ နောက်တစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူတို့အား မဏိစလလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မဏိစလအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here