သင်္ဃန်းကျွန်း ငမိုးရိပ်တံတားပေါ်မှ အမျိုးသမီးငယ်တစ်ဦးခုန်-ချမှုဖြစ်ပွား

0
412

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ အသက်(၂၁)နှစ် ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး စက်တင်ဘာ (၂၅) ရက် ညပိုင်းက ခုန်-ချခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။

ယမန်နေ့ ည (၆) နာရီခန့်က အင်္ကျီအဖြူ၊ ဘောင်းဘီအနက်ရောင်ဝတ်ဆင်ထားသည့် အသက်(၂၁)နှစ်အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦး ရေထဲသို့ခုန်-ချသွားခဲ့သဖြင့် သုဝဏ္ဏပရဟိ တအသင်းမှ ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“သတင်းစကြားတဲ့ အချိန်တည်းက ညဘက်မှာလည်းရှာဖွေခဲ့ပါတယ်။ မတွေ့သေးတဲ့အတွက် ဒီမနက်မှာလည်း ရှာဖွေရေးဆက်လုပ်နေပါတယ်။ ငမိုးရိပ်ချောင်းကို အစုန်/အဆန်ရှာဖွေနေပါတယ်။ ရေကျရက်ဖြစ်တာကြောင့် သောင်တွေဖြစ်နေတဲ့ နေရာတွေမှာ တင်ကျန်နေတာမျိုးလည်းရှိနိုင်လို့သေချာရှာဖွေနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ ရေထဲခုန်-ချသွားခဲ့သည့် အမျိုးသမီးငယ်နှင့်ပတ်သက်သည့် အချက်အလက်များအား သိရှိရခြင်းမရှိသေးဘဲ တံတားပေါ်တွင် မိန်းမစီးဖိနပ်တစ်ရံကိုသာ တွေ့ရှိခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here