မြောက်ကိုရီးယား၏ခြိမ်း‌ခြောက်မှုများကြားမှပင် တောင်ကိုရီးယားကစစ်ရေးပြအခမ်းအနားပြုလုပ်

0
287

ဆိုးလ်၊စက်တင်ဘာ ၂၆

တောင်ကိုရီးယားသည် မြောက်ကိုရီးယားထံမှခြိမ်းခြောက်မှုများနှင့် နှစ်ဖက်အကြားတင်းမာမှုမြင့်တက်နေစဉ် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အနေဖြင့် စစ်ရေးပြအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆိုးလ်၌ တစ်နေကုန်ကျင်းပမည့် အဆိုပါအခမ်းအနားတွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့် တောင်ကိုရီးယား၏ ပြည်တွင်းထုတ်တင့်ကားများ၊ မောင်းသူမဲ့အမြောက်များအပြင် နိုင်ငံအခြေစိုက် အမေရိကန်စစ်သား ၂၈,၅၀၀ အနက်မှ ၃၀၀ ခန့်လည်းပါဝင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ၂၀၁၃ ခုနှစ်အထိသာစစ်ရေးပြအခမ်းအနားကိုကျင်းပခဲ့ကြောင်းသိရသည်။

တောင်ကိုရီးယားသမ္မတသည် မြောက်ကိုရီးယားနှင့်ဆက်ဆံရာ၌ တင်းတင်းမာမာသာပြောဆိုဆက်ဆံခဲ့ပြီး မြောက်ကိုရီးယား၏ နျူများနှင့်ဒုံးကျည်အစီအစဉ်များအတွက် တန်ပြန်ခြင်း၏ပဏာမအဆင့်လည်းဖြစ်သည်ဟုဆိုခဲ့သည်။

ယခုစစ်ရေးပြအခမ်းအနားသည် မြောက်ကိုရီးယားခေါင်းဆောင်နှင့်ရုရှားသမ္မတို့၏ တွေ့ဆုံမှုအပြီး၌ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။၎င်းတို့သည် ယင်းတွေ့ဆုံမှုအတွင်း၌ နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ကိုပါကတိပြုခဲ့ကြသေးသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here