အန္တရာယ်ဖြစ်ပွားပါက မီးသတ် 191 Report App မှ တဆင့် အကူအညီ တောင်းခံနိုင်

0
545

မိမိတို့ နေအိမ်တွင် ရုတ်တရက်အန္တရာယ်ဖြစ်ပွားလာပါက မီးသတ်တပ်ဖွဲ့ 191 Report App မှ တဆင့် အရေးပေါ်အကူအညီ တောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ပြည်သူများ အနေဖြင့် မီးဘေးအပါအဝင် သဘာဝဘေးနှင့် ရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ အရေးပေါ်အကူအညီ တောင်းခံနိုင်ရန်အတွက် App ကို ယခုကဲ့သို့ အဆင့်မြှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် နေ့စဉ်ကြုံတွေ့နေရသည့် ဘေးဒုက္ခအန္တရာယ်များအား ခေတ်နှင့်အညီ ICT နည်းပညာအသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံနိုင်ရန်၊ အကူအညီတောင်းခံလာသည့် သတင်းပေးပို့ချက်များအား မီးသတ်ဦးစီးဌာနမှ အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရန်၊ မီးသတ်ဦးစီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား အားကိုးယုံကြည်မှုရရှိနိုင်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရာတွင် ICT နည်းပညာဖြင့် အထောက်အကူဖြစ်စေရန်ရည်ရွယ်ရေးဆွဲထားသော 191 Report App အား Google Play store နှင့် Apple Store တို့တွင် အဆင့်မြှင့်တင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here