ရေးမြို့ရှိ မြဝတီဘဏ်တွင်ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

0
318

မွန်ပြည်နယ်၊ရေးမြို့၊ရန်ကြီးအောင်ရပ်ကွက်၊ဘုရင့်နောင်လမ်းရှိ မြဝတီဘဏ်တွင် စက်တင်ဘာ ၂၆ ရက်(ယနေ့)မွန်းတည့်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်က အမည်မသိအမျိုးသား ၂ ဦးသည် ရေးမြို့၊ရန်ကြီးအောင်ရပ်ကွက်၊ဘုရင့်နောင်လမ်းရှိ မြဝတီဘဏ်ရှေ့သို့ရောက်ရှိလာကာ လုံခြုံရေးအဖွဲ့ဝင်များအား သေနတ်များဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး အမျိုးသားတစ်ဦးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူအား ရေးမြို့ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေး ယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here