ဒေါ်နယ်ထရမ့် လိမ်လည်မှုထင်ရှားကြောင်း နယူးယောက်တရားရုံးဆို

0
855

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ကုမ္ပဏီ Trump Organization တို့သည် နယူးယောက်မြို့ရှိ အရပ်ဘက်အမှုတစ်ခုတွင်ကို လိမ်လည်မှုဖြင့် အပြစ်ရှိကြောင်းထင်ရှားသည်ဟု နယူးယောက်တရားရုံးတစ်ခုက ဆုံးဖြတ်လိုက်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားသည်။

ထရမ့်၏ရှေ့နေများမှ ချေပမှုကိုလည်း ယင်းတရားရုံးမှ တရားသူကြီးတစ်ဦးက ပယ်ချခဲ့သည်။

နယူးယောက်ရှေ့နေချုပ် Letitia James သည် ဘဏ်ချေးငွေနှင့် အာမခံအပေါ် ချမှတ်ထားသည့် စည်းမျဉ်းများအရ သမ္မတဟောင်းအား ၎င်း၏ကုမ္ပဏီ၏ပိုင်ဆိုင်မှုများနှင့် အသားတင်တန်ဖိုးများကို တရားမဝင်ငွေဖောင်းပွစေမှု စွပ်စွဲချက်ဖြင့် အရပ်ဘက်တရားရုံးတစ်ခုတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုမှုအရ ထရမ့်နှင့် သူ၏ ကုမ္ပဏီသည် ဒေါ်လာ ၂.၂၃ ဘီလီယံမှ ၃.၆ ဘီလီယံအကြား ငွေကြေးဖောင်းပွစေခဲ့ကြောင်းဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here