ကြည့်မြင်တိုင် ပန်းခြံကမ်းစပ်၌ ရေနစ်သေ-ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

0
180

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင်ပန်းခြံကမ်းစပ်၌ ရေနစ်သေ-ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား စက်တင်ဘာ (၂၆) ရက်ည (၉) နာရီကျော်ခန့်က တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ရေနစ်သေဆုံးပြီး ကမ်းစပ်မှာတင်နေတဲ့ ကောင်လေးရဲ့အသက်က ခန့်မှန်း(၁၄)နှစ် (၁၅)နှစ်ဝန်းကျင်လောက်ပဲရှိဦးမယ်။ ဘယ်ကလဲ ဘယ်သူလဲ ဆိုတာ မသိရသေးပါဘူး။ စုံစမ်းနေကြတုန်းပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

တွေ့ရှိခဲ့ရသည့် ရုပ်အလောင်းအား တာဝန်ရှိသူများက စစ်ဆေးပြီးချိန်၌ လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here