ပြည်ပအဝယ်အေးနေသည့်အတွက် ပြည်တွင်းပွဲရုံများက ချင်း(ဂျင်း) ဝယ်ယူမှု ရပ်နားထား

0
330

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ချင်း(ဂျင်း) ဝယ်ယူမှု မရှိတော့သည့်အတွက် ပြည်တွင်းရှိ ပွဲရုံများကလည်း ချင်း(ဂျင်း) ဝယ်ယူမှုကို ရပ်နားထားကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝယ်လိုက်ခဲ့သည့်အတွက် ချင်း(ဂျင်း)ဈေးမြင့်တက်ခဲ့ပြီး တပိဿာ ငွေကျပ် ၇,၅၀၀ အထိ ရောက်ရှိခဲ့ကာ လက်လီဈေးကွက်တွင် တပိဿာ ၁၀၀၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဈေးကွက်အတွင်း ချင်း(ဂျင်း)အသစ်များ ဝင်ရောက်နေပြီး အသစ်ဈေးသည် တပိဿာ ကျပ် ၁,၃၀၀ မှ ၂,၂၀၀ ကြား ရှိနေပြီး ချင်း(ဂျင်း)အဟောင်းဈေးသည် တပိဿာ ကျပ် ၆,၀၀၀ ဝန်းကျင်သာရှိတော့ကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်တွင် စိုက်ဧကပေါင်း ၁၂,၇၈၇ ဧကဖြင့် ချင်း (ဂျင်း)ကို အများဆုံးစိုက်ပျိုးပြီး ပျမ်းမျှ တနှစ်လျှင် ၃,၂၈၄ ဒသမ ၁၀ ပိဿာ ထွက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ချင်း(ဂျင်း)၏ ၆၈ ရာခိုင်နှုန်းကို ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here