ပြည်တွင်း ရွှေဈေး၊ ငွေလဲနှုန်းနှင့် စက်သုံးဆီ ဈေးနှုန်းများဆက်တိုက်ကျဆင်းလာ

0
3369

ယနေ့ စက်တင်ဘာလ (၂၇) ရက် နံနက်ပိုင်း အဖွင့်ဈေးများအရ ပြည်တွင်းရွှေဈေး၊ ငွေလဲနှုန်း၊ စက်သုံးဆီ ဈေးနှုန်းဆက်တိုက်ကျဆင်းလာကြောင်း ကဏ္ဍအလိုက်ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။

ယနေ့ နံနက်ပိုင်း ပြင်ပငွေလဲကောင်တာများ၌ ဈေးဖွင့်အရောင်းအဝယ်ပြုလုပ်သည့် ဈေးနှုန်းများအရ အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၃၀ ကျပ် ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။

အလားတူ ပြင်ပရွှေ ဈေးကွက်အတွင်း ယနေ့နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန် ဈေးဖွင့်အရောင်းအဝယ်ပြုလုပ်သည့် ဈေးနှုန်းများမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် (၃၄) သိန်းကျပ် ဝန်းကျင်ဖြစ်ပြီး ၁၅ ပဲရည် တစ်ကျပ်သား (၃၂) သိန်းကျပ်ဝန်းကျင် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စက်သုံးဆီဈေးနှုန်းအ‌နေဖြင့်လည်း ၉၂ တစ်လီတာ ၂၂၂၀ ကျပ်၊ ၉၅ တစ်လီတာ ၂၃၂၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၆၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ နှင့် အမေရိကန် တစ်ဒေါ်လာလျှင် ၄၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ပြီးနောက် နစကမှ စျေးကစားသူများအား အရေးယူမည်ဟု အသိပေး ကြေညာခဲ့သည်။

ယင်းသို့ ကြေညာပြီးနောက်ပိုင်း ဈေးကွက်အတွင်း ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here