ရပ်ထားသည့် သစ်တင်ကားနောက်ပိုင်းအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံးသည့်ဖြစ်စဉ် ကျိုက်မရောမြို့နယ်တွင် ဖြစ်ပွား

0
237

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာအနီးရှိ မော်လမြိုင် – ကျိုက်မရောသွားကားလမ်းမကြီးပေါ်တွင် စက်တင်ဘာ (၂၆) ရက် ည (၉) နာရီကျော်ခန့်က ဆိုင်ကယ်တစ်စီးမှ ရပ်ထားသည့်သစ်တင်ကား၏ နောက်ပိုင်းအား ဝင်တိုက်မိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

“သစ်တင်ထားတဲ့ကားက ရပ်ထားတာကို ဆိုင်ကယ်ကဝင်တိုက်မိတာ။ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားက အခင်းဖြစ်နေရာမှာပဲ ဒဏ်ရာတွေရပြီး သေဆုံးသွားတယ်။သေဆုံးသွားတဲ့လူက လူလတ်ပိုင်းအရွယ်လောက်ပါပဲ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းအား ဖြူစင်နှလုံးသားလူငယ်ပရဟိတအဖွဲ့မှ ကျိုက်မရော ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here