အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲတွင် မြန်မာပြခန်းများ ပါဝင်ပြသရန် ဖိတ်ခေါ်ထား

0
214

အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာပြပွဲတွင် မြန်မာပြခန်းများ ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနအောက်ရှိ ကျောက်မျက်ရတနာ တင်ပို့မြှင့်တင်ရေးကောင်စီ (The Gem & Jewellery Export Promotion Council – JGPC) မှ ဦးစီး၍ အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာပြပွဲကို ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ (၅)ရက်မှ (၈) ရက်အထိ မွမ်ဘိုင်းမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသမည့် လုပ်ငန်းရှင်အရေအတွက်ပေါ်မူတည်၍ မြန်မာပြခန်းဆောင်ကို စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်ပြသလိုပါက အောက်တိုဘာလ (၂၀) ရက် နောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းနိုင်ကြောင်းလည်း သိရသည်။

ပါဝင်တက်ရောက်သူများအနေဖြင့် မိမိတို့၏ Company Letter head ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့အမည်၊ Email Address နှင့် ဖုန်းနံပါတ်တို့အား ကုန်သည်/ စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊အီးမေးလ်နှင့် ဖုန်း ၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁) သို့ အလျှင်အမြန် ပေးပို့နိုင်ရန် အသိပေးဖိတ်ခေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here