မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရုရှားကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်ပတ်သတ်၍ ဆွေးနွေး

0
186

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရုရှား ကုမ္ပဏီများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဥက္ကဋ္ဌနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့အား စက်တင်ဘာ (၂၆) ရက် နံနက် ၁၀ နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဥ် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခဲ့သည့် အကျိုးရလဒ်အဖြစ် ကဏ္ဍပေါင်းစုံအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ယခင်ကာလများကပင် ကူညီပူးပေါင်းဆောင်ရွက်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် လျှပ်စစ်ကဏ္ဍဆိုင်ရာ ထုတ်လုပ်မှုများမှ ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့်အပူစွမ်းအင်စီမံကိန်းများတွင် ရုရှားကုမ္ပဏီများမှပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ စီမံကိန်းများတွင် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here