ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားခဲ့သည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား သုဝဏ္ဏတံတားအောက် ကမ်းစပ်တွင် ယနေ့ပြန်တွေ့

0
326

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားခဲ့သည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား ယနေ့စက်တင်ဘာ (၂၇) ရက် နံနက်ပိုင်းက သုဝဏ္ဏတံတားအောက်ကမ်းစပ်မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သုဝဏ္ဏ ပရဟိတအသင်းမှ သိရသည်။

အင်္ကျီအဖြူ၊ ဘောင်းဘီအနက်ရောင်ဝတ်ဆင်ထားသည့် အသက်(၁၇)နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးသည် စက်တင်ဘာ (၂၅) ရက် ည (၆) နာရီကျော်ခန့်က ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားခဲ့သဖြင့် သုဝဏ္ဏပရဟိတ အသင်းနှင့် မိတ်ဖက်အသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေမှုများပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

“ကလေးမလေးရဲ့အသက်က (၁၇)နှစ်လောက်ရှိပြီလို့သိရတယ်။ သူကကျန်းမာရေး သိပ်မကောင်းဘူးလို့လည်းသိထားတယ်။ ဖြစ်စဥ်ဖြစ်ပြီး နောက်ရက်လောက်ကျတော့ သူ့ရဲ့မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရထားတယ်။ စပြီးခုန်ချသွားတဲ့ အချိန်ကနေ ရှာဖွေရေးလုပ်ခဲ့တယ်။ ဒီနေ့မနက်ပိုင်းကမှ သုဝဏ္ဏတံတားအောက်ကမ်းစပ်မှာပြန်တွေ့တာပါ။ တစ်ချို့အချက်အလက်တွေကိုတော့ မိသားစုဝင်တွေရဲ့ ခွင့်ပြုချက်ရမှပဲ ပြောလို့ရပါမယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ပြန်လည်တွေ့ရှိခဲ့ရသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား သုဝဏ္ဏပရဟိတအသင်းမှ ပြန်လည်ဆယ်ယူကာ ရင်ခွဲစစ်ဆေးမှုများပြုလုပ်နိုင်ရန် ဆေးရုံသို့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here