မကွေးမြို့နယ်ရှိ နေအိမ်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွားရာမှ ပိုလီယို ရောဂါခံစားနေရသည့် ကလေးငယ်တစ်ဦး သေ-ဆုံး

0
252

မကွေးတိုင်း၊ မကွေးမြို့နယ်၊ နွားကူးကျေးရွာတွင် ယနေ့ စက်တင်ဘာ (၂၇) ရက် နေ့လယ်ပိုင်းက နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ နေ့လယ် (၁) နာရီ (၂၅) မိနစ်ခန့်က မကွေးမြို့နယ်၊နွားကူးကျေးရွာ၊ တောင်တွင်းလမ်းရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ မကွေးခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် (၁) နာရီ (၃၅) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်ချိန်က (၁၀) မိနစ်ကျော်လောက်ပဲကြာတယ်။ မီးလောင်တော့ အိမ်ထဲမှာ အသက်(၁၄)နှစ်လောက် ပိုလီယိုရောဂါ ခံစားနေရတဲ့ ကလေးက ဘယ်လိုမှ မထွက်နိုင်ဘဲ မီးလောင်ပြီး သေ-ဆုံးသွားပါတယ်။ အိမ်လည်းပျက်စီးဆုံး ရှုံးသွားပါတယ်။ မီးကတော့ဘေးကို ကူးစက်လောင်ကျွမ်းတာမရှိခဲ့ပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

သေ-ဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းအားရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ မကွေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများကစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here