ယူကရိန်း မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ရုရှားကျေးရွာအချို့ လျှပ်စစ်မီးပြတ်

0
161

ယူကရိန်းဒရုန်းတစ်စင်းက လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုပေါ်သို့ ဖောက်ခွဲရေးပစ္စည်းများ ကြဲချပြီးနောက် ယူကရိန်းနယ်နိမိတ်ဖြင့် ထိစပ်နေသည့် ရုရှားနိုင်ငံ Kursk ဒေသမှ ရွာအတော်များများမှာ အင်္ဂါနေ့မနက်ပိုင်းမှစတင်၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူးက ပြောသည်။

“မနက်ပိုင်းမှာတော့ ယူကရိန်းဒရုန်းတစ်စီးက Korenevsky ခရိုင် Snagost ရွာမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံပေါ်ကို ဖောက်ခွဲရေးပစ္စည်းတွေကို ကြဲချခဲ့ပါတယ်။ ရုရှားပြည်သူတွေအခြေချနေထိုင်တဲ့ နေရာ ခုနစ်ခုမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်” ဟု Kursk အုပ်ချုပ်ရေးမှူး Roman Starovoit က ပြောကြားခဲ့သည်။

“ဒေသခံတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။ အရေးပေါ် ကယ်ဆယ်ရေးသမားတွေက အခြေအနေအရပ်ရပ်ကို စစ်ဆေးပြီးတာနဲ့ မီးပြန်ရမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

Snagost သည် ယူကရိန်းနယ်စပ်မှ ၁၀ ကီလိုမီတာ (ခြောက်မိုင်) ခန့်အကွာရှိ ရွာငယ်လေးတစ်ရွာဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here