လှည်းကူးတွင် ဆေးဆိုင်တစ်ဆိုင်ရှေ့၌ သေဆုံးနေသည့် အိမ်ခြေမဲ့ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

0
292

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ စျေးကြီးရပ်ကွက်၊ အနောက်မင်းလမ်းရှိ ဆေးဆိုင်တစ်ဆိုင်ရှေ့တွင် ယနေ့ စက်တင်ဘာ (၂၇) ရက် နံနက် (၇) နာရီကျော်ခန့်က သေဆုံးနေသည့် အိမ် ခြေမဲ့ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရကြောင်း ကရုဏာရှင်အခမဲ့ နာရေးကူညီမှုအသင်းမှ သိရသည်။

“အိမ်ခြေမဲ့ တစ်ယောက်ပါ။ နာမည်မသိဘူး။ အသက်က (၅၆)နှစ်ဝန်းကျင်လောက်ရှိပြီ။ တာဝန်ရှိတဲ့ လူတွေလည်းလာပြီး စစ်ဆေးသွားတယ်။ ပြင်ပဒဏ်ရာမတွေ့ပါဘူး။ အားပြတ်ပြီး သေဆုံးသွားတာလို့ ယူဆရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

သေဆုံးနေသူ၏ ရုပ်အလောင်းအား ကရုဏာရှင် အခမဲ့ နာ ရေးကူညီမှုအသင်းမှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲ ရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here