မြန်မာနိုင်ငံသူတစ်ဦးအား တရုတ်အမျိုးသားထံ ယွမ် (၁) သိန်းကျော်ဖြင့် ရောင်းစားခဲ့သူ (၂)ဦးကို အလုပ်နှင့်ထောင်ဒဏ် (၁၃) နှစ်စီချမှတ်

0
212

မြန်မာနိုင်ငံသူတစ်ဦးအား တရုတ်အမျိုးသားထံ ယွမ် ၁၁၀၀၀၀ ဖြင့် ရောင်းစားခဲ့သည့် အမျိုးသမီး (၂) ဦးကို စက်တင်ဘာ (၂၅) ရက်က ဒဂုံမြို့သစ်ခရိုင် တရားရုံးမှ လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၃) နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ ဒေါ်စန္ဒာဝင်းနှင့် ဒေါ်တင်ရီတို့သည် ရန်ကင်းမြို့နယ်နေ အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံရှိ စက်ရုံတွင်အလုပ်လုပ်ကိုင်ပါက စီးပွားရေးအဆင်ပြေသည်ဟု ပြောဆိုစည်းရုံးကာ တရုတ်အမျိုးသားထံတွင် ယွမ် ၁၁၀၀၀၀ ဖြင့်ငွေကြေးအကျိုးအမြတ်ရယူကာ ရောင်းစားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ငွေကြေးအကျိုးအမြတ်ရယူကာ မိန်ကလေးငယ်အား တရုတ်အမျိုးသားထံ ရောင်းစားခဲ့သည့် အမျိုးသမီး (၂) ဦးကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့မရဲစခန်းက (ပ) ၁၂၇၉/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈ (က) ဖြင့် အမှုရေးဖွင့်၍ ဒဂုံမြို့သစ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ်ခရိုင်တရားရုံးမှ စက်တင်ဘာ (၂၅) ရက်တွင် ဒေါ်စန္ဒာဝင်းနှင့်ဒေါ်တင်ရီတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄) အရ အလုပ်နှင့် ထောင်ဒဏ် (၁၃)နှစ်စီကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here