ငါးသလောက် သားဥချိန်ဖြစ်သည့်အတွက် မြစ်ကြောင်း (၄) ခုတွင် ဖမ်းဆီးခွင့်တားမြစ်

0
199

ငါးသလောက်သားမျိုးများ ဥချချိန်ဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြစ်ကြောင်း (၄) ခုတွင် ဖမ်းဆီးခြင်းကို တားမြစ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

အဆိုပါ တားမြစ်ထားသည့် မြစ်ကြောင်း (၄) ခုတွင် စက်တင်ဘာ (၁၅) ရက်မှ အောက်တိုဘာ (၁၅) ရက်အထိ ငါးသလောက်ဖမ်းဆီးခြင်းမပြုရန် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မြစ်ပေါက်ကြီး (၉) ခုရှိပြီး မြစ်ပေါက် (၅) ခုကို တားမြစ်ခြင်းမပြုဘဲ ငါးသလောက် အတက်ဆုံးဖြစ်သည့် တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ် ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်း စသည့် မြစ်ကြောင်း (၄) ခုကို ငါးသလောက်ထိန်းသိမ်း‌ရေး ဧရိယာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် တားမြစ်ဧရိယာ (၁၁) ဇုန်မှာ မအူပင်မြို့နယ် ပန်းလှိုင်ချောင်းဝ ဘေးမဲ့ဇုန်၊ ငါးဖယ်အိုသောင်ဘေးမဲ့ဇုန်၊ တလုပ်လှအရှေ့သောင်၊ ပန်းတနော်မြို့နယ် အထက်ကဇင်းတောသောင်၊ ညောင်တုန်းမြို့နယ် ဝဲကြီးသောင်၊ ဓနုဖြူမြို့နယ် ဇကာကြီးသောင်၊ ဇလွန်မြို့နယ် နန်းတော်ကျွန်းသောင်၊ ဟင်္သာတမြို့နယ် ဖောင်ဆိပ်သောင်၊ အင်္ဂပူ မြို့နယ်ပြည်သိန်းတန်သောင်၊ ငါးသိုင်းချောင်းမြို့နယ် လှေတင်သောင်၊ သာပေါင်းမြို့နယ် ကြာကန်သောင်ဘေးမဲ့ဇုန် (၁၁) ခု သတ်မှတ်ထားခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ (၄ ၇) အရ တားမြစ်ထားသော ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာဖြင့် ငါးဖမ်းခြင်း၊ တားမြစ်ထားသော ငါးမျိုးငါးအရွယ်အစားကို ဖမ်းခြင်း၊ တားမြစ်ထားသော အချိန်ကာလနှင့်နေရာဒေသတွင် ငါးဖမ်းခြင်းမပြုလုပ်ရန် တားမြစ်ထားခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ယင်းဥပ lဒေပုဒ်မ (၆၂) အရထောင်ဒဏ် နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်ကျပ် နှစ်သိန်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here