တောင်ကုတ်မြို့နယ်တွင် မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသား (၃) ဦး ထိခိုက်ဒဏ်ရာရ

0
146

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မိချောင်းထိုးကျေးရွာတွင် စက်တင်ဘာ (၂၆) ရက် မွန်းလွဲပိုင်းက မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသား (၃) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့မွန်းလွဲ (၂) နာရီကျော်ခန့်က တောင်ကုတ်မြို့နယ်၊မိချောင်းထိုးကျေးရွာအဝင်ရှိ တဲတစ်လုံးပေါ်၌ အမျိုးသား(၃) ဦးထိုင်၍ စကားပြောနေစဥ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် (၃) ဦးလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ထိုင်ပြီးစကားပြောနေတဲ့အချိန် မိုးကြိုးပစ်သွားတဲ့အတွက် (၃) ယောက်လုံး ဒဏ်ရာရတယ်။ (၂) ယောက်က စိုးရိမ်ရတယ်။ (၁) ယောက်ကတော့ မစိုးရိမ်ရပါဘူး။ ပခုံး၊ လက် မောင်းနဲ့ ခါးအောက်ပိုင်း မီးလောင်သလို ဒဏ်ရာတွေရယ် ပွန်းပဲ့ဒဏ်ရာတွေရယ် ဖြစ်သွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၃) ဦးအား ဒေသခံလူမှုကူညီရေး အသင်းဝင်များက တောင်ကုတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here