Friday, March 7, 2025

စိန့်ပီတာစဘတ်မြို့နှင့် လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိဟု...

မြန်မာနိုင်ငံ၊ မန္တလေးမြို့မှနေ၍ ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့သို့ လေကြောင်းလိုင်းများတိုက်ရိုက်ပြေးဆွဲပျံသန်းလျက်ရှိရာ စိန့်ပီတာစဘတ်မြို့နှင့်လည်း လေကြောင်းလိုင်းများတိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ...

ဒုတိယအကြိမ်မြောက် MNL 2 Promotion...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့်ပြုမည့် ဒုတိယအကြိမ်မြောက် MNL 2 Promotion Amateur Club...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည်...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက် လိုင်စင် ကို အလျင်အမြန်ထုတ်ပေးလိုသည်ဟု ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh...
HomeNewsLocal Newsလားရှိုးတွင် Denko ဆီဆိုင်အတွင်း...

လားရှိုးတွင် Denko ဆီဆိုင်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ ဆီဆိုင်နှင့် Express ယာဉ်အပါအဝင် ယာဉ်အချို့ မီးလောင်ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများရှိ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ လားရှိုး-မန္တလေးသွားကားလမ်းပေါ်ရှိ Denko စက်သုံးဆီ အရောင်းဆိုင်တွင် ယနေ့ စက်တင်ဘာ (၂၇) ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ ဆီဆိုင်အပါအဝင် ခရီးသည်တင်ယာဉ် တစ်စီးပါ မီးလောင်ကျွမ်းခဲ့ပြီး အိမ်စီးယာဉ်နှစ်စီးလည်း မီးအနည်းငယ်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသည်တစ်ဦး မီးလောင်ကျွမ်း သေဆုံးခဲ့သည့်အပြင် အခြားတစ်ဦးလည်း သေဆုံးခဲ့သည့်အပြင် ဆိုင်ဝန်ထမ်း အချို့အပါအဝင် အနည်းဆုံး (၁၆) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လားရှိုးအခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အခြေအနေကတော့ ဆေးရုံကို ဒဏ်ရာရတဲ့သူ (၁၆) ယောက် ရောက်တယ်။ (၂) ယောက် သေတယ်။ တစ်ယောက်ကတော့ ကားပေါ်ကပေါ့။ ရုတ်တရက်ဆင်းမရဘဲ မီးလောင်ကျွမ်းပြီး ဆုံးသွားတယ်။ ကျား/ မ ခွဲဖို့တောင် အဆင်မပြေဘူး။ ဒဏ်ရာရတဲ့ အထဲမှာ ဆိုင်ဝန်ထမ်း (၃) ယောက်ပါတယ်။ နောက် ဆိုင်ကယ်နဲ့ ဆီလာဖြည့်နေတဲ့ သူတွေလည်းပါတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ ညနေ (၅) နာရီဝန်းကျင်က Denko စက်သုံးဆီအရောင်းဆိုင်အတွင်း ဆိုင်ကယ်တစ်စီးမှ တစ်ဆင့်ပေါက်ကွဲခဲ့ကြောင်းကနဦး သိရှိရပြီး၊ ဘေး၌ ဆီဖြည့်နေသည့် မူဆယ်-နေပြည်တော်ပြေးဆွဲသည့် သစ္စဟိဏ်း Express ယာဉ်အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လူမှုကူညီရေးအသင်းဝင်များက လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စိန့်ပီတာစဘတ်မြို့နှင့် လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိဟု နစက ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံ၊ မန္တလေးမြို့မှနေ၍ ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့သို့ လေကြောင်းလိုင်းများတိုက်ရိုက်ပြေးဆွဲပျံသန်းလျက်ရှိရာ စိန့်ပီတာစဘတ်မြို့နှင့်လည်း လေကြောင်းလိုင်းများတိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၆ ရက်နံနက်ပိုင်းက စိန့်ပီတာစဘတ်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းမိ သားစုများနှင့် စိန့်ပီတာစဘတ်မြို့တွင် သင်တန်း တက်ရောက်နေသည့် သင်တန်းသားအရာရှိများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စိန့်ပီတာစဘတ်မြို့တွင် စက်ရုံအလုပ်ရုံများစွာရှိပြီး သယ်ယူပို့ဆောင်ရေးအတွက်အချက်အခြာကျကာ ပညာသင်ကြားရေးတွင်လည်းကောင်းမွန်သဖြင့် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ရန် ကောင်းမွန်သည့် မြို့တစ်မြို့ ဖြစ်ကြောင်းပြောကြားခဲ့သည်။ " ရုရှားနိုင်ငံနဲ့ပတ်သက်ရင် မိမိတို့အနေနဲ့ဆောင် ရွက်ရန်ကိစ္စတွေကို အချိန်နဲ့တစ်ပြေးညီ...

ဒုတိယအကြိမ်မြောက် MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲအား အသင်းပေါင်း(၁၁)သင်းဖြင့်ကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့်ပြုမည့် ဒုတိယအကြိမ်မြောက် MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲအား အသင်းပေါင်း(၁၁)သင်းဖြင့် မတ် ၁၄ ရက်မှ ၂၉ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်များအတွက် ပွဲစဉ်မဲနှိုက်ရေးဆွဲခြင်းနှင့် သတင်းစာရှင်းလင်းပွဲအား ယနေ့ မတ် ၆ ရက်မွန်းလွဲပိုင်းက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ပွဲစဉ်များ၏ အုပ်စုပွဲစဉ်များအား MFF တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်း၊...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071