ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင်အခွင့် အလမ်းဖန်တီးပေးမှုတွင် ဦးဆောင်ရပ်တည်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း နစက ဥက္ကဋ္ဌပြော

0
123

ခရီးသွားလုပ်ငန်းကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှုတွင် ဦးဆောင်ရပ်တည်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယနေ့ စက်တင်ဘာ (၂၇) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း(ဗဟိုဌာန-၂)၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအ မှတ်အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားစဉ် တွင်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ခရီးသွားလုပ်ငန်းကဏ္ဍဟာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရာမှာ ဦးဆောင်နေရာကနေ ရပ်တည်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ကမ္ဘာပေါ်မှာရှိတဲ့ လုပ်သားဦးရေ (၁၀) ဦးမှာ (၁) ဦးက ခရီးသွားလုပ်ငန်းကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် အမျိုးသမီးနှင့်လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အခွင့်အလမ်းလည်းများစွာ မြင့်မားသော်လည်း အချို့အလားအလာရှိသည့် ခရီးစဉ်ဒေသများတွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အတတ်ပညာများသင်ကြားနိုင်မှု အခွင့်အလမ်းနည်းပါးခြင်းကြောင့် လူငယ် ၅၀ ရာခိုင်နှုန်းခန့်သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် အဟန့်အတားဖြစ်နေသည်ကိုတွေ့ရကြောင်းလည်း ၎င်းက ဆိုသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းများအရ လာမည့် ၂၀၃၀ ပြည့်နှစ်အထိ (၁) နှစ်လျှင် အလုပ်အကိုင်ပေါင်း (၈) သိန်းကျော်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေ၍ ခရီးသွားလုပ်ငန်းရေရှည်တိုးတက်ရန် ပြည်သူများအတွက် ရင်းနှီးမြှုပ်နှံကြရန် အရေးကြီးသည့် ကဏ္ဍတစ်ရပ်အနေဖြင့်သတ် မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

“ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေတဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ဖို့ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦးတွေတည်ဆောက်ရာမှာ သဘာဝသယံဇာတတွေကို အကျိုးရှိရှိအသုံးပြုပြီး စွမ်းအင်ချွေတာရေးနည်းလမ်းတွေနဲ့ ဆောင်ရွက်တဲ့ အစိမ်းရောင်အဆောက်အဦးတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုခြင်း၊နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနို င်ခြင်း၊ လူထုလူတန်းစားအသီးသီးထံ ဝင်ငွေများတိုက်ရိုက် နှင့် သွယ်ဝိုက်သော နည်းလမ်းများနှင့် စီးဝင်စေခြင်းအကျိုး ကျေးဇူးများစွာ ရရှိစေနိုင်၍ မီးခိုးမထွက်သည့်စက်ရုံ (Smokeless Industry)တစ်ခုဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မြေပေါ်၊ မြေအောက်သဘာဝသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝကာ အဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်များစွာရှိသည့်အတွက် ၎င်းတို့ကိုအခြေခံပြီး ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုများအဖြစ်ဖော်ထုတ်ပြီး ခရီးသွားလုပ်ငန်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားဆောင်ရွက်ကြရန်လည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here