Blackpink အဖွဲ့ဝင် Jennie ၏ တစ်ကိုယ်တော် သီချင်းသစ်ထုတ်လုပ်နေဟုဆို

0
225

ဆိုးလ်၊စက်တင်ဘာ ၂၆

ကမ္ဘာကျော် မိန်းကလေး K – pop အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Blackpink အဖွဲ့မှအဖွဲ့ဝင်တစ်ဦးဖြစ်သူ Jennie သည် ၎င်း၏တစ်ကိုယ်တော်သီချင်းသစ်ကို ထုတ်လုပ်နေ‌ပြီဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါတေးသီချင်းနှင့်ပတ်သက်၍ ၎င်းက “Jennie ကိုယ်တိုင်သီဆိုထားတဲ့ အထူးခြားဆုံးနဲ့အကောင်းဆုံးဖြစ်မဲ့သီချင်းတစ်ပုဒ်ကိုစီစဉ်နေပါတယ်” ဟုမှတ်ချက်ပြုပြောကြားခဲ့သည်။

Blackpink အဖွဲ့၏ အေဂျင်စီဖြစ်သည့် YG Entertainment ဘက်ကလည်း Jennie နှင့် Jiso တို့သည် ၎င်းတို့ကိုယ်ပိုင် “one – man agency” တည်ထောင်ရန်စီစဉ်နေသည်ဟူသောသတင်းနှင့် Lisa သည်လည်းစာချုပ်သက်တမ်းတိုးခြင်းမလုပ်တော့ဟူသောသတင်းကို ငြင်းပယ်ခဲ့ပြီး Blackpink နှင့် စာချုပ်သက်တမ်းတိုးရန်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။

အေဂျင်စီက “Blackpink ရဲ့ စာချုပ်သက်တမ်းတိုးမတိုးဆိုတာက သူတို့ရဲ့အနာဂတ်အနုပညာလှုပ်ရှားမှုအပေါ်မူတည်ပြီး ဘာကိုမှအတည်မပြုနိုင်သေးပါဘူး” ဟုဆိုခဲ့သည်။သို့သော် Rose တစ်ယောက်တည်းသာလျှင် YG နှင့်စာချုပ်သက်တမ်းတိုးတော့မည်ဖြစ်ကြောင်း အခိုင်အမာဆိုထားသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here