သာကေတ အဝိုင်းထိပ်တွင် ကွန်တိန်နာပုံးတင်လာသည့်တွဲကားက လမ်းဘေးရှိဓာတ်တိုင်ကိုဝင်တိုက်

0
237

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဧရာဝဏ်လမ်းမကြီးပေါ်ရှိ အဝိုင်းထိပ်အနီးတွင် စက်တင်ဘာ ၂၇ ရက်ညနေ ၅ နာရီခွဲကျော်ခန့်က ကွန်တိန်နာပုံးတင်လာသည့်တွဲကားမှ လမ်းဘေးရှိဓာတ်တိုင်အားဝင်တိုက်မိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“ထိခိုက်မိတဲ့လူမရှိပါဘူး ဓာတ်တိုင်နဲ့မီးကြိုးတွေ ပျက်စီးမှုအနေနဲ့ဆိုရင်တော့ အဝိုင်းထိပ်ကနေ ၈ ထိပ်မှတ်တိုင်အထိပျက်စီးသွားတယ် လမ်းလည်းခနပိတ်သွားတယ် ဖြတ်သွားလို့မရတော့ဘူးပေါ့”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

ဖြစ်စဥ်မှ ပျက်စီးသွားခဲ့သည့် ဓာတ်တိုင်များနှင့်လျှပ်စစ်မီးကြိုးများအား လျှပ်စစ်ဝန်ထမ်းများနှင့်အတူ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ဖယ်ရှားရှင်းလင်းခြင်းနှင့်ယာဥ်လမ်းကြောင်းရှင်းလင်းခြင်းများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here