ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား တစ်ဦးအား အမျိုးသား (၄) ဦးက ဓ-ားဖြင့်ဝိုင်း-ထိုး၍ သေ-ဆုံး

0
353

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၌ မြန်မာနိုင်ငံသားလူငယ်တစ်ဦးအား အမျိုးသား (၄) ဦးမှ စက်တင်ဘာ (၂၆) ရက် ညပိုင်းက ဓ-ားဖြင့် ဝိုင်း-ထိုးခဲ့ကြသဖြင့် သေ-ဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညပိုင်းက ဆိုင်ကယ်စီးဦးထုတ်များဆောင်း၍ ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသား (၄) ဦးသည် စမွတ်စခွန်ခရိုင်၊ ဝပ်စီစွတ်ဌာရမ်(ဝပ်ကမ်ဖရား)ဘုန်ကြီးကျောင်းလမ်းရှိ (၂၄) နာရီ လမ်းဘေးအဝတ်လျှော်စက်အနီးတွင် နေထိုင်ရာအခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အသက် (၂၀)နှစ်ခန့်ရှိ မြန်မာနိုင်ငံသားအား ဆိုင်ကယ်များဖြင့်ပိတ်ဆို့ကာ ရပ်တန့်စေခဲ့ကြောင်း သိရသည်။

ယင်းသို့ ရပ်တန့်စေပြီးနောက် မြန်မာနိုင်ငံသား လူငယ်အား ဓ-ားများဖြင့် ဝိုင်း-ထိုးခဲ့ကြသဖြင့် ထိုးသွင်းဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့၍ လူမှုကူညီရေးအသင်းဝင်များက ဓာ-းဖြင့်အထိုးခံရသည့် မြန်မာနိုင်ငံသားအား စမွတ်စခွန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့သော်လည်း အဆိုပါလူငယ်သည် ဆေးကုသမှုခံယူနေစဥ် သေ-ဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက CCTV မှတ်တမ်းများအား ကြည့်ရှု၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here