ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တွဲကားနှင့် Canter ကား တိုက်မိရာမှ အမျိုးသား (၁) ဦး သေ-ဆုံး

0
247

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်း ကုလားဝဲ တံတားအဆင်း၊ ရွှေဗျိုင်းဖြူဆီဆိုင်အနီးတွင် တွဲကားနှင့် Canter ကား တိုက်မိရာမှ အမျိုးသား (၁) ဦး သေ-ဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၂၇)ရက် ည (၈)နာရီအချိန်က တွဲကားအား Canter ကားမှ အနောက်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး လူညပ်နေသည့်အတွက် ဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်မှ သေ-ဆုံးခဲ့သည့် ကျား(၁)ဦးအား အကြင်နာကုသိုလ်ပြု ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here