မိဘမဲ့သွားသည့် ၆ နှစ်အရွယ်ကလေးငယ်အား မဟာ လူမှုကယ်ဆယ်ရေးအသင်းမှ ကယ်တင်စောင့်ရှောက်ထား

0
299

မိဘမဲ့သွားသည့် (၆) နှစ်အရွယ် ကလေးငယ်အား ကယ်တင်စောင့်ရှောက်ထားပြီး မွေးစားထားရန်အထိပင် စီစဉ်ထားကြောင်း မဟာလူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။

မဟာလူမှုကယ်ဆယ်ရေးအသင်းသည် ပြီးခဲ့သည့် စက်တင်ဘာ (၂၅)ရက်က မန္တလေးတိုင်း၊ ကမ်းနားလမ်း တာရိုးပေါ် ၌ အသက်(၅၀)ဝန်းကျင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်ကူညီရာ သေဆုံးသူဖခင်ဖြစ်သူ၏ ဘေးတွင် ငိုကြွေးနေသော အသက် (၆) နှစ်အရွယ် မောင်အော်ရီဒူးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” ကလေးကိုတော့ အန္တရယ်ကင်းအောင်စောင့်ရှောက်ထားတယ်။ သူ့ရဲ့ မိသားစုတွေရှိရင်လည်း ချိတ်ဆက်ပေးပါမယ်။ နောက်ဆုံးအဆင့်အနေနဲ့ ကလေးဘ၀ရှေ့ရေး၊ ပညာရေးကအစ တာ၀န်ယူဖို့အသင်းက စီစဉ်ထားပါတယ်” ဟု မဟာလူမှုကယ်ဆယ်ရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

မိဘမဲ့သွားသည့် ကလေးငယ်၏ အမည်မှာ မောင်အော်ရီဒူးဆိုသူဖြစ်ပြီး အဖေအမည်မှာ – ဦးရခိုင်ဖြစ်ကြောင်း၊ နေရပ်မှာ ဧရာဝတီတိုင်း ၊ လပွတ္တာမြို့ဖြစ်ကြောင်း သိရပြီး မိသားစုနှင့် ချိတ်ဆက်နိုင်ရန်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဓာတ်ပုံ – မဟာလူမှုကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here