ကော့ကရိတ်မြို့ရှိ မြို့နယ် လဝက ရုံးမီးရှို့ဖျက်ဆီးခံရ

0
300

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးသည် စက်တင်ဘာ (၂၇) ရက်ညပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ည (၁၂) နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ဗောဓိလမ်းရှိ မြို့နယ် လဝက ရုံးအားမီးရှို့ခဲ့ကြသဖြင့် မီးလောင်မှုဖြစ်ပွားရာ လုံခြုံရေးအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် ည (၁) နာရီကျော်ခန့်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ပေ (၉၀) ပေ (၄၀) ရှိ မြို့နယ် လဝက ရုံးအဆောက်အဦးမှာ မီးလောင်ပျက်စီးသွားခဲ့ပြီး ရုံးသုံးပစ္စည်းများနှင့်စာရွက်စာတမ်းများမှာ လုံခြုံရေးအခြေအနေအရ ရုံးလုပ်ငန်းဆိုင်ရာများအား နေရာပြောင်းရွှေ့လုပ်ကိုင်နေကြသဖြင့် ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here