လာမည့် ခရီးသွားရာသီအတွက် ချောင်းသာကမ်းခြေရှိ ဟိုတယ်များ ကြိုတင်ပြင်ဆင်ထား

0
295

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေတွင် လာမည့်ခရီးသွား ရာသီအတွက် ဟိုတယ်များကို ကြိုတင်ပြင်ဆင်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ချောင်းသာဇုန်မှ သိရသည်။

“လာမယ့်ခရီးသွားရာသီအတွက် ဟိုတယ်တွေကို ကြိုတင်ပြင်ဆင်ထားတယ်။ ဟိုတယ်တွေ အကုန်လုံးတော့ မဖွင့်နိုင်သေးဘူး။ သူ့ဟာနဲ့သူတော့ လာကြပါတယ်။ နိုင်ငံခြားသားတွေက မလာတာများတယ်။ ငွေဆောင်သွားကြတာများတယ်။ ချောင်းသာကကျတော့ ခရီးတိုတယ်လေ”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ချောင်းသာဇုန်မှ ဦးစီးအရာရှိ ဦးနိုင်အောင်က ပြောသည်။

ချောင်းသာတွင် ဟိုတယ်ပေါင်း (၃၂) လုံးရှိပြီး (၂၆) လုံးသာဖွင့်နိုင်သေးပြီး အဆိုပါ ကမ်းခြေသို့ မိုးရာသီတွင်ကာလတွင် ခရီးသွားဦးရေ (၁၆၀၀) ဝန်းကျင် လာရောက်လည်ပတ်မှုရှိကြောင်းလည်း သိရသည်။

ထို့အပြင် လာမည့်ခရီးသွားရာသီတွင် ယခုထက်ပို၍ ဧည့်သည် ဝင်ရောက်ရန် မျှော်မှန်းထားကြောင်းလည်း ၎င်းကဆက် လက်ပြောကြားခဲ့သည်။

ယင်းအပြင် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လာမည့်ပွင့်လင်းရာသီတွင် ဦးစားပေးသွားလာလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ (၁၄) ခုကို ထုတ်ပြန်ထားပြီး ယင်း (၁၄) နေရာတွင် ချောင်းသာကမ်းခြေလည်း ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here