မြန်မာ လူငယ်တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲစတင်ကျင်းပ

0
330

မြန်မာ့ကြက်တောင် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်သည် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစားအောင်နိုင်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူငယ်တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ ၂၀၂၃ ကို စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကိုယမန်နေ့ စက်တင်ဘာလ (၂၇)ရက်မှစတင်ကျင်းပနေခြင်းဖြစ်ပြီး စက်တင်ဘာ (၃၀)ရက်အထိ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်ရှိ အမျိုးသား ကြက်တောင်အားကစားခန်းမတွင် အသက် (၉) နှစ်အောက်မှ (၁၉) နှစ်အောက်အထိ ပြိုင်ပွဲအမျိုးအစားပေါင်းများစွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြန်မာ့ကြက်တောင်အားကစားအဆင့်အတန်းအား အရှေ့တောင်အာရှ၊ အာရှမှအဆင့် ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်စေရန်၊ နိုင်ငံကိုယ်စားပြုလက်ရွေးစင်ကစားသမားများ ပေါ်ပေါက်လာစေရန်၊ ဆုကြေးများထိုက်ထိုက်တန်တန် ချီးမြှင့်သော ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် အားကစားသမားများ မိမိတို့အားကစားအရည်အသွေးကို မြှင့်တင်လိုစိတ်ထက်သန်လာစေရန်၊ သက်တမ်းအလိုက်ပြိုင်ပွဲများ၊ တံခွန်စိုက်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အလားအလာကောင်းမွန်သော မျိုးဆက်သစ်လူငယ် အားကစားမောင်မယ်များအား ရွေးချယ်စုစည်း လေ့ကျင့်ပေးခြင်းဖြင့် မြန်မာ့ကြက်တောင်အားကစား အဆင့်အတန်းကို မြှင့်တင်သွားရန် ဖြစ်ကြောင်း သိရသည်။

Photo – MBF


LEAVE A REPLY

Please enter your comment!
Please enter your name here