မြန်မာလုပ်သား (၃)ဦး၏ လုပ်အားခလာရောက်ထုတ်ယူရန်အလုပ်သမားသံအရာရှိရုံးမှ ကြေညာထား

0
178

ဗန်ကောက်မြို့၊ အမှတ် (၇) နယ်မြေ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ လုပ်အားခရရှိလိုမှု တိုင်ကြားထားသည့် မြန်မာလုပ်သား (၃)ဦး၏ လုပ်အားခ အား လာရောက်ထုတ်ယူရန် အလုပ်သမားသံအရာရရှိရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာလုပ်သား (၃) ဦးမှာ မောင်အောင်ထက်ပိုင် (MD953228)၊ မောင်ငွေအောင် (MD909383)၊ မောင်ဇော်မျိုးဝင်း (MD949974) တို့ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအလုပ်သမား (၃) ဦးသည် လုပ်အားခကျန်ငွေများကိုရရှိရန် အလုပ်သမားသံအရာရှိရူံသို့ တိုင်ကြားထားပြီး ၎င်းတို့ တိုင်ကြားထားသည့် Preeda Karnchang Ltd., Part အလုပ်ရှင်မှ လုပ်အားခများကို ပေးအပ်ထားပြီးဖြစ်သည့်အတွက် လာရောက်ထုတ်ယူရန် အကြောင်းကြားထားခြင်းလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သား (၃) ဦး အနေဖြင့် အလုပ်သမား သံအရာရှိရုံး ရုံးဖုန်း 020030015 သို့ အမြန်ဆက်သွယ်ပေးနိုင်ပါရန်နှင့် သိကျွမ်းသူများအနေဖြင့် ထပ်ဆင့်အသိပေးရန်လည်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွေ့ပြောင်း လုပ်သားများစွာရှိပြီး အချို့အလုပ်သမားများသည် လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများရှိသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံရုံးများကို တိုင်ကြားခြင်း၊ မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူညီတောင်းခံမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here