လာမည့် အောက်တိုဘာ (၁၂) ရက်တွင် တက္ကသိုလ်ဝင် အကြိုစာမေးပွဲဖြေဆိုရမည်

0
228

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လာမည့် အောက်တိုဘာ (၁၂) ရက်တွင် ကျောင်းတွင်း တက္ကသိုလ်ဝင်အကြိုစာမေးပွဲဖြေဆိုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

” လာမယ့် အောက်တိုဘာ (၁၂) ရက်ကျရင် Grade – 12 ‌အကြိုစာမေးပွဲစစ်မယ်။ ဒီဇင်ဘာမှာ တစ်ကြိမ်ပေါ့။ အဲဒါ‌တွေပြီးရင်တော့ တက္ကသိုလ်ဝင် စာမေးပွဲကြီးအတွက် စာတွေကိုပြန်ပြီးလေ့ကျင့်ပေးတာမျိုး၊ လုပ်ရိုးလုပ်စဉ်အဆင့်ဆင့်လုပ်သွားဖို့ရှိပါတယ်”ဟုပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုမည့်ဘာသာရပ်အလိုက် အစိမ်းရောင်နှင့် ပန်းရောင် ဖြေဆိုခွင့်လျှောက်လွှာကတ်ပြားပုံစံဖြင့် အရောင် (၂)မျိုး ခွဲခြားသတ်မှတ်ထားကြောင်းလည်း သိရသည်။

လာမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများအနေဖြင့် ဝင်ခွင့်လျှောက်လွှာတစ်စောင်ကို ငွေ ၂၀၀ကျပ် ၊ စာမေးပွဲဖြေဆိုခွင့်ဝင်ကြေး ၇၀၀ကျပ်၊ ငွေသွင်းတံဆိပ်ခေါင်းတစ်ခုတို့ကို ဝယ်ယူပေးသွင်းကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀ ၂၃ခုနှစ် စက်တင်ဘာလ (၁)ရက်မှ စတင်လက်ခံနေပြီး စက်တင်ဘာလ (၂၉)ရက်နောက်ဆုံးထားတင်သွင်းလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here