မျက်စေ့နာ ရောဂါတစ်မျိုးဖြစ်ပွားနေမှုကြောင့် ပါကစ္စတန်ရှိကျောင်းပေါင်း ၅၆,၀၀၀ ပိတ်ထားခဲ့ရ

0
274

လာဟိုး၊စက်တင်ဘာ ၂၇

ကူးစက်တတ်သော မျက်စိနာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးရန်အတွက် ပါကစ္စတန်ရှိ စာသင်ကျောင်းပေါင်း ၅၆,၀၀၀ ကျော်ကို ယခုသီတင်းပတ်ကုန်တွင် ပိတ်ထားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၇ ရက်တွင်ပြောကြားခဲ့သည်။

ပါကစ္စတန်၏လူဦးရေအထူထပ်ဆုံးဖြစ်သည့် ပန်ဂျပ်ပြည်နယ်၌ ယခုနှစ်စကတည်းက အဆိုပါမျက်စိနာ ကူးစက်ရောဂါဖြစ်ပွားမှုပေါင်း ၃၅၇,၀၀၀ အထိရှိလာကြောင်းမှတ်တမ်းများအရ ကျောင်းသူ၊ကျောင်းသားများအား ကျောင်းပိတ်ထားပေးရန်သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

လျင်မြန်စွာကူးစက်တတ်သော မျက်စိနာ ရောဂါပိုးသည် မျက်လုံးနီမြန်းခြင်း၊ယားယံခြင်းနှင့် မျက်ရည်ထွက်ခြင်းတို့ကိုဖြစ်စေပြီး အဆိုပါရောဂါပိုးများသည် လက်နှင့်ထိတွေ့ခြင်းအပြင် ချောင်းဆိုး နှာချေခြင်းတို့ကြောင့်ပါပျံ့နှံ့စေသည်ဟုသိရသည်။

ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းတွင် နေထိုင်သူ ၁၂၇,၀၀၀,၀၀၀ နှင့် အစိုးရကျောင်းပေါင်း ၅၆,၀၀၀ ရှိပြီး ထောင်နှင့်ချီသော ပုဂ္ဂိလိကကျောင်းများကိုလည်း ပိတ်ထားရကြောင်းသိရသည်။

အခြေအနေအရ ကျောင်းများ မဖြစ်မနေပြန်ဖွင့်ရသည့်အခါ၌ ကျောင်းသူကျောင်းသားများအနေဖြင့် ကျောင်းတွင်းမဝင်မီ စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်းလည်းအာဏာပိုင်များကဆိုသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here