အမုန်းတရားများဖြင့် ရှေ့ဆက်နေမည်ဆိုပါက တိုင်းပြည် နစ်နာရန်သာရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

0
295

ယနေ့ စက်တင်ဘာ (၂၈) ရက် နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစ ည်းအဝေး(၄/၂၀၂၃)သို့ တက်ရောက် အမှာစကားပြောကြားစဥ် နစက ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် NCA လက်မှတ်ထိုးခြင်း (၈) နှ စ်ပြည့် အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍လည်း ထ ည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လာမည့် အောက်တိုဘာ (၁၅) ရက်သည် NCA လက်မှတ်ရေးထိုးသည့် (၈) နှစ်မြောက်နေ့ဖြစ်ပြီး အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာ လုပ်ဆောင်ရန်လိုအပ်သည့်အပြင် တိုင်းရင်းသားခေါင်းဆောင်များကိုလည်း လက်လှမ်းမီသ၍ အကုန်ဖိတ်ကြားသွားမည်ဖြစ်‌ကြောင်းလည်း ဆိုသည်။

“ပြည်ပနိုင်ငံတွေလည်း အခုဖိတ်နေပါပြီ။ ကျွန်တော် Perso nal အကုန်စာတွေရေးပြီး ဖိတ်ပါတယ်။ တစ်ချို့ကလည်းဖုန်းနဲ့ တစ်ချို့ကလည်း စာနဲ့ရေးပြီးဖိတ်တာတွေရှိတယ်။ တ ချို့လာနိုင်တယ်လို့လည်း ပြောတာရှိတယ်။ တချို့ကတော့ မလာနိုင်ပေမယ့် အဓိကကျတဲ့သူတို့ ကိုယ်စားလှယ်တွေလွှ တ်ပေးမယ်လို့ ပြောတာတွေရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြည်ပနိုင်ငံများမှ ထိုသို့ သဘောထားရှိပါက မိမိတို့၏ တို င်းရင်းသားခေါင်းဆောင်များ ပို၍လိုလားသည့် စိတ်ရှိရန်လိုကာ အထူးသဖြင့် လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ အ ကုန်တက်ရောက်နိုင်ရန်လိုသည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် လက်မှတ်မထိုးထားသည့် အဖွဲ့များအနေဖြင့်လည်း ငြိမ်းချမ်းရေးလိုချင်သည်ဆိုပါက အခမ်းအနားလာတက်ခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးလမ်းခင်းရန်လိုသည်ဟု ဆိုသည်။

“အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိတယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက်ကျွန်တော်လုပ်သွားမှာပဲ ၊ ရအောင်လုပ်သွားမယ်” ဟု နစက ဥက္ကဋ္ဌ ကပြော သည်။

သက်ဆိုင်သူအားလုံး အားလုံးသံသယရှင်းရှင်း၊ အာဃာတကင်းကင်းဖြင့် လုပ်ဆောင်မည်ဆိုပါက ငြိမ်းချမ်းရေးမျှော် မှန်းချက်လမ်းကြောင်းသည် ရှောရှောရှုရှုဖြင့်ရောက်ရှိမည်ဖြစ်၍ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရန်တိုက် တွန်းလိုသည်ဟု လည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here