နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

0
201

ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာထွက်‌ ပြေးသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အောင်မြင်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Dr. Md. Monwar Hossain အား စက်တင်ဘာ (၂၇) ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းကောင်း မိတ်ဆွေရင်းများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဒေသများ၌ နှစ်နိုင်ငံ ပြည်သူများရင်းနှီးချစ်ကြည်စွာ ဝင်/ထွက်သွားလာနေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် ပြန်လည်ဝင်ရောက်မည့်သူများ၏ အချက်အလက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် စိစစ်ပြန်ကြားပြီးစီးမှု အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် မြန်မာနိုင်ငံမှ ကြိုတင်ပြင်ဆင်ထားရှိမှုများ အဆင်သင့်ဖြစ်နေသော်လည်း ပြန်လည်ဝင်ရောက်မည့် အစီအစဉ်ပျက်ပြားစေရန် နိုင်ငံ၊ အဖွဲ့အစည်းအချို့က စီစဉ်ဆောင်ရွက်နေမှု၊နေရပ်စွန့် ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here