မသမာသည့် APP များကို ဖုန်းဖြင့်ဒေါင်းသုံးမိသဖြင့် ဘဏ်အကောင့်တွင်းမှ ငွေထုတ်ယူခံရမှုများ စင်ကာပူတွင်ဖြစ်ပွားမှုနှုန်းမြင့်မားလာ

0
297

facebook တွင် ကြော်ငြာထားသည့် အွန်လိုင်းအရောင်းဌာနအချို့နှင့် ဆက်သွယ်မိပြီးနောက် ယင်းတို့က ဒေါင်း၍သုံးခိုင်းသော third-party APP များကို ဖုန်းတွင်းသို့ ဒေါင်းမိသဖြင့် ဘဏ်အကောင့်များထဲမှ ငွေများကို မသမာသူတို့က ထုတ်ယူသွားခြင်းခံရမှုများ စင်ကာပူတွင် ခပ်စိပ်စိပ်ဖြစ်ပွားနေလျှက်ရှိသည်။

အသက် ၅၈ နှစ်အရွယ်ရှိ မစ္စဂျက်ကလင်းခူးဆိုသူ အိမ်ရှင်မတစ်ဦးသည် facebook တွင် ကြော်ငြာထားသော သားစိမ်းငါးစိမ်းရောင်းသည့် အွန်လိုင်းအရောင်းဌာနတစ်ခုမှ ငါးဝယ်ရန်အတွက် ယင်းတို့က ညွှန်ကြားသည့်အတိုင်း APP တစ်ခုကို ဒေါင်းပြီးသုံးလိုက်မိသဖြင့် သူ၏ ဘဏ်အကောင်းတွင်းမှ စင်ကာပူဒေါ်လာ ၄၄၄၈၇ ကို မသမာသူတို့က ထုတ်ယူသွားခြင်း ခံခဲ့ရသည်။

ထို့အတူပင်လျှင် အသက် ၅၂ နှစ်အရွယ်ရှိ မစ္စလိုင်းဆိုသူသည်လည်း facebook တွင် ကြော်ငြာထားသော ခရီးသွားလုပ်ငန်းကြော်ငြာတစ်ခုကိုတွေ့မိပြီး ကြော်ငြာ၏ ဆွဲဆောင်မှုကြောင့် အဆိုပါ ခရီးသွားလုပ်ငန်းဖြင့် ချိတ်ဆက်ကာ မလေးရှားသို့အပန်းဖြေခရီးထွက်ရန်အတွက် ယင်းလုပ်ငန်းက ညွှန်ကြားသည့် APP တစ်ခုကို စက်တင်ဘာ ၁၀ရက်နေ့က ဖုန်းထဲသို့ဒေါင်းပြီး သုံးလိုက်မိသဖြင့် သူ၏ ဘဏ်အကောင့်တွင်းမှ အမေရိကန်ဒေါ်လာ ၁၁၁၀၀၀ ကို မသမာသူတို့က ထုတ်ယူသွားခြင်းခံခဲ့ရသည်။

အလားတူပင်လျှင် မစ္စလီဆိုသူ အမှုဆောင်အရာရှိအမျိးသမီးတစ်ဦးသည်လည်း မကြာခင်ရောက်ရှိမည့် တရုတ်လမုန့်ပွဲတော်အတွင် facebook တွင် ကြော်ငြာထားသော ကိတ်မုန့်အရောင်းဆိုင်တစ်ခုက ညွှန်ကြားသည့်အတိုင်း APP တစ်ခုကို ဒေါင်း၍ လမုန့်အနည်းငယ်ကို စက်တင်ဘာ ၁၄ ရက်နေ့က ဝယ်လိုက်မိရာတွင် သူ၏ ဘဏ်အကောင့်တွင်းမှ စင်ကာပူဒေါ်လာ ၇၆၀၀၀ ကို မသမာသူတို့က ထုတ်ယူသွားခြင်းခံခဲ့ရသည်။

စင်ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အလားတူအမှုမျိုး ၂၂၃၃၉ မှုဖြစ်ပွားခဲ့ပြီး ယခင်နှစ် ကာလတူအချိန်က ၁၃၅၆၇ မှုသာဖြစ်ပွားခဲ့သဖြင့် အွန်လိုင်းမှ လိမ်လည်မှုများမှာ ယခင်နှစ်ကထက် ၆၄.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရသည်။ လိမ်လည်ခံရသော‌ ငွေကြေးပမာဏ စုစုပေါင်းမှာ စင်ကာပူဒေါ်လာ ၃၃၄.၅ သန်းခန့်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here