မကွေးမြို့တွင် အမျိုးသမီးကြီးတစ်ဦးအား ဆိုင်ကယ်တစ်စီးမှ ဝင်တိုက်ပြီးမောင်းပြေးမှုဖြစ်ပွား

0
211

မကွေးတိုင်း၊ မကွေးမြို့တွင် စက်တင်ဘာ (၂၈) ရက်ညပိုင်းက အမျိုးသမီးကြီးတစ်ဦးအား ဆိုင်ကယ်တစ်စီးမှဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ ည (၇) နာရီခွဲခန့်က မကွေးမြို့၊ ဗိုလ်ချုပ်လမ်းတွင် ဆိုင်ကယ်တစ်စီးမှ အမျိုးသမီးကြီးတစ်ဦးအား ဝင်တိုက်မိခဲ့သဖြင့် ဦးခေါင်းပေါက်ပြဲနှာခေါင်းသွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး ဝင်တိုက်သည့်ဆိုင်ကယ်မှာမောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

“တိုက်မိတဲ့အရှိန်နဲ့ အမျိုးသမီးကြီးက ဒဏ်ရာတွေရပြီး သတိမေ့နေတယ်။ စိုးရိမ်ရတယ်။ အဲဒီအမျိုးသမီးကြီးရဲ့ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပါပြီ။ ဝင်တိုက်တဲ့ ဆိုင်ကယ်မောင်းတဲ့ လူကိုတော့ တာဝန်ရှိတဲ့လူတွေကစုံစမ်း‌နေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကြီးအား ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ည ၆ နာရီ ၂၀ မိနစ်ခန့်ကလည်း မကွေးမြို့၊ နတ်မောက်လမ်းတွင်လည်း အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်ပေါ်မှပြုတ်ကျကာ ဦးခေါင်းထိခိုက်ပြီး ယာဘက်နားအတွင်းမှ သွေးများထွက်နေသဖြင့် ပရဟိတမင်းခေါင်ရှာ‌ဖွေကယ်ဆယ်ရေးအဖွဲ့မှ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here