ရန်ကုန် အင်းယားမြိုင်လမ်းရှိ (၂) ထပ်နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား

0
345

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂) ရပ်ကွက်၊ အင်းယားမြိုင်လမ်းတွင် ယနေ့ စက်တင်ဘာ (၂၉) ရက် နံနက်ပိုင်းက (၂) ထပ်နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့နံနက် (၁၀) နာရီ (၁၅) မိနစ်ခန့်က ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းရှိ (၂) ထပ်နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနောက်ပိုင်းခရိုင်မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်း၊ လှိုင်မြို့နယ်မီးသတ်စခန်း၊ အလုံမြို့နယ်မီးသတ်စခန်း၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရ ကြောင်း သိရသည်။

နံနက် (၁၀) နာရီ (၃၃) မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် (၁၀) နာရီ (၃၆) မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here