Gas ထည့်ရန် တန်းစီထားသည့် YBS ၃၂ နှင့် လမ်းလျှောက်နေသည့် ယာဉ်မောင်းတို့အား Mini bus မှ ဝင်တိုက်၊လမ်းလျှောက်နေသည့် ယာဉ်မောင်းသေဆုံး

0
407

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ (၂၉) ရက် နံနက်ပိုင်းက Gas ထည့်ရန်တန်းစီထားသည့် YBS ၃၂ နှင့် လမ်းလျှောက်နေသည့် ယာဉ်မောင်းတို့အား အခြားယာဉ်လိုင်းတစ်ခုမှ Mini bus ယာဉ်က ဝင်တိုက်မိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ နံနက် (၆) နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ်၊ပြည်လမ်းမကြီးပေါ်ရှိ ရှမ်းစု Gas ဆိုင်အနီးတွင် Gas ထည့်ရန်တန်းစီထားသည့် YBS ၃၂ ယာဉ်နှင့် လမ်းလျှောက်နေသည့် ယာဉ်မောင်းအား ရန်ကုန် – ပဲခူးပြေးဆွဲနေသည့် လိုင်းကားမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“သေဆုံးသွားတဲ့ အမျိုးသားက YBS (၃၂) မောင်းတဲ့လူပါ ။ Gas ထည့်ဖို့ကားတန်းစီပြီး လမ်းဆင်းလျှောက်နေတုန်းမှာ ရန်ကုန်-ပဲခူးကားက အရှိန်များပြီး ဝင်တိုက်မိတာ။ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်။ ဝင်တိုက်တဲ့ကားသမားကိုလည်း ဖမ်းမိထားပါတယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းအား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here