မရမ်းကုန်းမြို့နယ်၌ Light Truck ကားဝါယာရှော့ ဖြစ်ကာ အင်ဂျင်ခန်းမီးလောင်

0
263

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်း၌ ယနေ့ စက်တင်ဘာ (၂၉) ရက် နေ့လယ် (၁) နာရီ (၄၀) မိနစ်ခန့်က Light Truck ကားဝါယာရှော့ဖြစ်၍ အင်ဂျင်ခန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေရောင်သမိုင်းအသင်းမှ သိရသည်။

“သမိုင်းဂုံးတံတား အဆင်းက သမိုင်းဘူတာရုံလမ်းမှာ ဖြစ်တာပါ။ လူထိခိုက်တာမရှိပါဘူး။ ကားပိုင်ရှင်က သူတို့ခြံထဲမှာ ကားကိုစက်နှိုးထားတုန်း ဝါယာရှော့ဖြစ်ပြီး အင်ဂျင်ခန်းမီးလောင်သွားတာပါ။ ပျက်စီးမှုက အင်ဂျင်ခန်းပဲရှိပါတယ်” ဟု ရွှေရောင်သမိုင်းအသင်းဥက္ကဋ္ဌ ကိုဇွဲရန်နိုင်ကပြောသည်။

အဆိုပါ ကားအင်ဂျင်ခန်းမီးလောင်မှုအား မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရွှေရောင်သမိုင်းအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် (၁) နာရီ (၄၅) မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here