MFF Rhino Futsal Championship 2023 ပြိုင်ပွဲကို အသင်း ၂၉ သင်းဖြင့် နိုဝင်ဘာ ၁၈ ရက်တွင် စတင်ကျင်းပမည်

0
308

MFF Rhino Futsal Championship 2023 ပြိုင်ပွဲကို လာမည့် နိုဝင်လာ ၁၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ MFF Futsal Stadium တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကိုအသင်း‌ပေါင်း ၂၉ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး Main Sponsor အဖြစ် Rhino Sport Wear မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

MFF Rhino Futsal Championship 2023 ပြိုင်ပွဲတွင် League 1 ပြိုင်ပွဲဝင် အသင်း ၈ သင်း၊ League 2 ပြိုင်ပွဲဝင် အသင်း ၆ သင်း၊ Carabao Amateur Cup မှ အသင်း ၇ သင်း၊ မန္တလာ ဖူဆယ်လိဂ်မှ အသင်း (၆)သင်း၊ရှမ်းပြည်နယ် ကိုယ်စားပြု အသင်း ၁ သင်းနှင့် ကချင်ပြည်နယ် ကိုယ်စားပြု အသင်း ၁ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

MFF Rhino Futsal Championship 2023 ပြိုင်ပွဲကို လေးသင်း ၅ အုပ်စု၊ သုံးသင်း ၃ အုပ်စုဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ရှုံးထွက်အဆင့်၊ ဆီမီးဖိုင်နယ်အဆင့်၊ ဖိုင်နယ် အဆင့်အစရှိသဖြင့် အဆင့်အဆင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ – MFF RHINO Futsal League 2022 ပြိုင်ပွဲတွင်ဗိုလ်ဆွဲခဲ့သည့် VUC FC

Photo – MFF Futsal


LEAVE A REPLY

Please enter your comment!
Please enter your name here